YouVersion Logo
Search Icon

ကမ္ဘာ​ဦး 1

1
ဖန်​ဆင်း​ခြင်း​အ​ကြောင်း
1ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ခါ၊- 2ကမ္ဘာ​မြေ​ကြီး​သည်​အ​သွင်​သဏ္ဌာန်​ဟူ​၍​မ​ရှိ။ လ​ဟာ​သက်​သက်​ဖြစ်​၏။ သ​မုဒ္ဒ​ရာ​ရေ​ပြင် ကြီး​ကို​မှောင်​အ​တိ​ဖုံး​၍​ရေ​ပြင်​ပေါ်​၌ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်#* ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​သို့​မ​ဟုတ် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​လှုပ်​ရှား​လျက်​ရှိ​၏။ သို့​မ​ဟုတ်​လေ​ပြင်း​တိုက်​ခတ်​လျက်​ရှိ​၏။ လှုပ်​ရှား​လျက်​ရှိ​၏။- 3ဘု​ရား​သ​ခင်​က``အ​လင်း​ရောင်​ပေါ်​စေ'' ဟု အ​မိန့်​တော်​ချ​မှတ်​သော​အ​ခါ အ​လင်း​ရောင် ထွက်​ပေါ်​လာ​၏။-#၂ကော၊ ၄:၆။ 4ဘု​ရား​သ​ခင်​သည်​အ​လင်း​ရောင်​ကို​ရှု​မြင်​၍ နှစ်​သက်​တော်​မူ​၏။ ထို့​နောက်​အ​လင်း​နှင့် အ​မှောင်​ကို​ပိုင်း​ခြား​လျက်၊- 5အ​လင်း​ကို ``နေ့'' ဟူ​၍​လည်း​ကောင်း၊ အ​မှောင် ကို ``ညဥ့်'' ဟူ​၍​လည်း​ကောင်း​ခေါ်​တွင်​စေ​တော် မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ပ​ထ​မ​နေ့​ရက် ဖြစ်​လေ​၏။
6-7ထို​နောက်​ဘု​ရား​သ​ခင်​က ``ရေ​ရေ​ချင်း​နှစ်​ပိုင်း ခွဲ​ခြား​တည်​ရှိ​စေ​ရန် မိုး​မျက်​နှာ​ကြက်​ဖြစ်​ပေါ် စေ'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​ပေါ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သို့​မိုး​မျက်​နှာ​ကြက် ကို​ဖြစ်​ပေါ်​စေ​၍ မိုး​မျက်​နှာ​ကြက်​ရှိ​ရေ​နှင့် အောက်​ရှိ​ရေ​ကို​ပိုင်း​ခြား​တော်​မူ​၏။- 8မိုး​မျက်​နှာ​ကြက်​ကို``မိုး​ကောင်း​ကင်'' ဟု​ခေါ် တွင်​စေ​တော်​မူ​၏။ ညဦး​မှ​နံ​နက်​အထိ​ဒု​တိ​ယ နေ့​ရက်​ဖြစ်​လေ​၏။#၂ပေ၊ ၃:၅။
9တစ်​ဖန်​ဘု​ရား​သ​ခင်​က``မိုး​ကောင်း​ကင်​အောက် တွင်​ကုန်း​ပေါ်​လာ​ရန် တစ်​နေ​ရာ​တည်း​၌​ရေ​စု ဝေး​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ကုန်း​ပေါ် လာ​၏။- 10ကုန်း​ကို``မြေ​ကြီး'' ဟူ​၍​လည်း​ကောင်း၊ စု​ဝေး လျက်​ရှိ​သော​ရေ​ကို``ပင်​လယ်'' ဟူ​၍​လည်း​ကောင်း ခေါ်​တွင်​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။- 11ထို​နောက်``ကောက်​ပဲ​သီး​နှံ​နှင့်​သစ်​သီး​ပင်​အ​မျိုး မျိုး​ကို​မြေ​ကြီး​မှ​ပေါက်​စေ'' ဟု​အ​မိန့်​ပေး သည့်​အ​တိုင်း​ပေါက်​လာကြ​၏။- 12သို့​ဖြစ်​၍​မြေ​ကြီး​မှ အ​ပင်​အ​မျိုး​မျိုး​ပေါက် လာ​ကြ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။- 13ညဦး​မှ​နံ​နက်​အ​ထိ​တ​တိ​ယ​နေ့​ရက်​ဖြစ် လေ​၏။
14တစ်​ဖန်​ဘု​ရား​သ​ခင်​က``နေ့​နှင့်​ညဥ့်​ကို ခွဲ​ခြား​ရန်​နှင့်​နေ့​ရက်၊ နှစ်၊ ပွဲ​တော်​ရက်#1:14 ပွဲ​တော်​ရက်။ သို့​မ​ဟုတ်​ရာ​သီ​ဥ​တု။ များ​ကို​သတ်​မှတ်​ရန်​အ​တွက်​မိုး​ကောင်း​ကင်​၌ အ​လင်း​ဗိ​မာန်​များ​ပေါ်​စေ၊- 15ထို​အ​လင်း​ဗိ​မာန်​တို့​သည်​မိုး​ကောင်း​ကင်​မှာ အ​လင်း​ရောင်​ထွန်း​သ​ဖြင့် မြေ​ကြီး​ပေါ်​တွင် အ​လင်း​ရ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း ဖြစ်​ပေါ်​လာ​၏။- 16သို့​ဖြစ်​၍​နေ့​ကို​ကြီး​စိုး​ရန်​နေ​ဗိ​မာန်​နှင့်​ည ကို​ကြီး​စိုး​ရန် လ​ဗိ​မာန်​နှင့်​ကြယ်​များ​ကို ဖန်​ဆင်း​တော်​မူ​၏။- 17ဘု​ရား​သ​ခင်​သည်​မြေ​ကြီး​ပေါ်​မှာ​အ​လင်း​ရ စေ​ရန်​နှင့်၊- 18နေ့​နှင့်​ည​ကို​ကြီး​စိုး​၍​အ​လင်း​နှင့်​အ​မှောင်​ကို ခွဲ​ခြား​စေ​ရန် မိုး​ကောင်း​ကင်​တွင်​အ​လင်း​ဗိ​မာန် များ​ကို​တည်​ရှိ​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင် သည်​ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။- 19ည​ဦး​မှ​နံ​နက်​အ​ထိ​စတုတ္ထ​နေ့​ရက်​ဖြစ်​လေ​၏။
20တစ်​ဖန်​ဘု​ရား​သ​ခင်​က``ရေ​ထဲ​၌​သက်​ရှိ​သတ္တ ဝါ​အ​မျိုး​မျိုး​ဖြစ်​ပွား​စေ၊ လေ​ထဲ​၌​လည်း​ငှက် များ​ပျံ​ဝဲ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ရေ သတ္တ​ဝါ​နှင့်​ငှက်​သတ္တ​ဝါ​များ​ဖြစ်​ပွား​လာ ကြ​၏။- 21သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ပင်​လယ်​ငါး​သတ္တ ဝါ​ကြီး​များ​အ​စ​ရှိ​သော​ရေ​သတ္တ​ဝါ​အ​မျိုး မျိုး၊ ငှက်​အ​မျိုး​မျိုး​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင် ၍​နှစ်​သက်​တော်​မူ​၏။- 22``ရေ​သတ္တ​ဝါ​တို့​သည်​ပင်​လယ်​ထဲ​၌​မြောက်​မြား စွာ​ပေါက်​ပွား​ကြ​စေ၊ ငှက်​တို့​သည်​လည်း​တိုး​ပွား ကြ​စေ'' ဟု​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​၍​ထို သတ္တဝါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​၏။- 23ည​ဦး​မှ​နံ​နက်​အ​ထိ​ပဉ္စမ​နေ့​ရက်​ဖြစ်​လေ​၏။
24တစ်​ဖန်​ဘု​ရား​သ​ခင်​က``ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​တိ​ရစ္ဆာန်​အ​ရိုင်း​အ​ကြီး အ​ငယ်​အ​မျိုး​မျိုး​ဖြစ်​ပွား​ကြ​စေ'' ဟု​အ​မိန့် ပေး​သည့်​အ​တိုင်း​ဖြစ်​ပွား​လာ​ကြ​၏။- 25ဘု​ရား​သ​ခင်​သည်​တိရစ္ဆာန်​အ​မျိုး​မျိုး​တို့​ကို ထို​ကဲ့​သို့​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင် သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။
26ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​တို့​သည် ငါ​တို့ ၏​ပုံ​သဏ္ဌာန်​နှင့်​တူ​သော​လူ​သတ္တ​ဝါ​တို့​ကို ဖန်​ဆင်း​ကြ​ကုန်​အံ့။ သူ​တို့​အား​ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့်​တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း​အ​ကြီး အ​ငယ်​တို့​ကို​အ​စိုး​ရ​စေ​မည်'' ဟု​မိန့်​တော် မူ​၏။-#၁ကော၊ ၁၁:၇။ 27သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ​နှင့်​ပုံ သဏ္ဌာန်​တူ​သော​လူ​ယောကျာ်း၊ လူ​မိန်း​မ ကို​ဖန်​ဆင်း​တော်​မူ​၍၊-#မ၊ ၁၉:၄။ မာ၊ ၁၀:၆။ 28သူ​တို့​ကို​ကောင်း​ချီး​ပေး​လျက်``သား​သ​မီး များ​စွာ​မွေး​ဖွား​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး အ​ရပ်​ရပ်​တို့​တွင် သင်​တို့​၏​အ​မျိုး​စဉ်​အ​မျိုး ဆက်​နေ​ထိုင်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း စိုး​ပိုင်​ကြ​လော့။ ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့် တိ​ရစ္ဆာန်​ရိုင်း​အ​မျိုး​မျိုး​တို့​ကို​အုပ်​စိုး​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-#က၊ ၅:၁-၂။ 29ဘု​ရား​သ​ခင်​က​လည်း``ကောက်​ပဲ​သီး​နှံ​အ​မျိုး မျိုး၊ သစ်​သီး​အ​မျိုး​မျိုး​တို့​ကို​သင်​တို့​စား​သုံး ရန်​ငါ​ပေး​၏။- 30တိရစ္ဆာန်​အ​ရိုင်း​အ​မျိုး​မျိုး​နှင့်​ငှက်​အ​မျိုး​မျိုး တို့​စား​ရန်​အ​တွက် အ​ပင်​အ​မျိုး​မျိုး​ကို​ငါ ပေး​၏'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ် လေ​၏။- 31ဘု​ရား​သ​ခင်​သည်​ဖန်​ဆင်း​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ရှု​မြင်​၍ အ​လွန်​နှစ်​သက်​တော်​မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ဆ​ဋ္ဌ​မ​နေ့​ရက် ဖြစ်​လေ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy